ရန်ကုန်သာ ပြန်နိုးလာခဲ့ရင်
အပြင်မထွက်တာကြာလာတဲ့အခါ ရန်ကုန်ကို အမြန်နေကောင်းစေချင်တဲ့ စိတ်တွေပိုလာတယ်။ ရန်ကုန်ဟာ ဒဏ်ရာ ဒဏ်ချက်တွေနဲ့ သေကောင်းပေါင်းလဲ ပက်လက်မြောနေပြီ။ ရန်ကုန်ဟာရန်ကုန်ဖြစ်လ်ို့တော်သေးတာပေါ့။ဟုတ်ပါတယ်။မကြာဘူး သိပ်မကြာခင်ပဲ ရန်ကုန်ဟာ ရန်ကုန်အဖြစ်နဲ့ပဲ သူ့လက်ကိုသူတွဲရင်း ခပ်ဖြည်းဖြည်းထလာလိမ့်မယ် ။ ဖိုက်တင်းပါ ရန်ကုန်။ ရန်ကုန်သာ ပြန်နလန်ထူခဲ့ရင် အရင်ဆုံးသွားချင်တာ လှည်းတန်းပဲ။ လှည်းတန်းဟာ ရန်ကုန်ရဲ့နှလုံးသားပဲ ဖြစ်လိမ့်မယ်။ လှည်းတန်းကို ချစ်တယ်။ လူတအားရှူပ်လို့ မသွားချင်ဘူးလို့ အကြိမ်ကြိမ်ငြင်းခဲ့တဲ့…

