ရန်ကုန်သာ ပြန်နိုးလာခဲ့ရင်

အပြင်မထွက်တာကြာလာတဲ့အခါ ရန်ကုန်ကို အမြန်နေကောင်းစေချင်တဲ့ စိတ်တွေပိုလာတယ်။ ရန်ကုန်ဟာ ဒဏ်ရာ ဒဏ်ချက်တွေနဲ့ သေကောင်းပေါင်းလဲ ပက်လက်မြောနေပြီ။ ရန်ကုန်ဟာရန်ကုန်ဖြစ်လ်ို့တော်သေးတာပေါ့။ဟုတ်ပါတယ်။မကြာဘူး သိပ်မကြာခင်ပဲ ရန်ကုန်ဟာ ရန်ကုန်အဖြစ်နဲ့ပဲ သူ့လက်ကိုသူတွဲရင်း ခပ်ဖြည်းဖြည်းထလာလိမ့်မယ် ။ ဖိုက်တင်းပါ ရန်ကုန်။

ရန်ကုန်သာ ပြန်နလန်ထူခဲ့ရင် အရင်ဆုံးသွားချင်တာ လှည်းတန်းပဲ။ လှည်းတန်းဟာ ရန်ကုန်ရဲ့နှလုံးသားပဲ ဖြစ်လိမ့်မယ်။ လှည်းတန်းကို ချစ်တယ်။ လူတအားရှူပ်လို့ မသွားချင်ဘူးလို့ အကြိမ်ကြိမ်ငြင်းခဲ့တဲ့ ဦးထွန်းလင်းခြံ လမ်းကို ပြန်သွားမယ်။ “ရွှေ” မှာ လက်ဖက်ရည်တစ်ခွက်သောက်တဲ့ မနက်ခင်း တစ်ခုပြန်ဖန်တီးမယ်။အင်းဝ စာအုပ်တိုက်ထဲမှာ မဝယ်ဘဲ ချချခဲ့တဲ့ စာအုပ်တွေ ပြန်သွားဝယ်ဖို့ စိတ်ကူးထားတယ်။ သစ်သီးဖျော်ရည်သောက်မယ်။အရင်ဝယ်စားနေကျလမ်းဘေးဆိုင်လေးမှာပဲ မုန့်လေးဘာလေးဝင်စားဦးမယ်။

နည်းနည်းပင်ပန်းလားရင် အအေးဓာတ်ရတဲ့ လှည်းတန်းစင်တာထဲဝင်မွှေမယ် ။ အပေါ့အပါးလေးဘာလေး သွားမယ်။ အမြဲတမ်းမွှေးနေတဲ့ ဆုကော်ဖီဆိုင်လေးက ထွက်တဲ့ ကော်ဖီနံ့လေးတွေ ရှူရင်း စိန်ဂေဟာဘက် ခြေဦးလှည့်မယ် ။ စားနေကျဆိုင်မှာပဲ ဆူရှီစားမယ်။ အခုလောလောဆယ်တော့ အိမ်မက်လို့ပဲ တွေးထားတယ်။ အိမ်မက်လေး လည်း ရန်ကုန်နဲ့ တူတူနိုးထလာပါစေ။ ဒါတင်မကဘူး ရန်ကုန်တက္ကသိုလ်၊ မဝေကန်တင်း၊ Burma Cafe ၊စီးပွါးရေး တက္ကသိုလ်၊ အင်းလျား ၊ပြီးတော့ …. အခုလောလော ဆယ်မှာ အတွေးတွေပဲ ဖြစ်နေတုန်းပဲ။

ထပ်ပြောရရင် လှည်းတန်းစင်တာဘက်ကနေ စံရိပ်ငြိမ်ထိ လမ်းလျှောက်ရတာကို အရင်ကတည်းကကြိုက်တယ်။ ရန်ကုန်ပြန်သက်သာလာရင် လမ်းတော့ သေချာလျှောက်ဖြစ်မယ်။ Ice Berry, KFC ကနေ လမ်းဘေးမုန့်ဆိုင်လေးတွေ အထိ ကျပျောက်ခဲ့တဲ့ ကိုယ့်ခြေရာတွေတစ်ခုချင်းစီ ပြန်ကောက်မယ်။ ကောက်မယ်လို့သာပြောတာရယ် အဲ့အချိန်တွေ ဘယ်တော့မှ ပြန်ရောက် ရောက်ပါ့မလဲ။

မောင်ငြိမ်းဇေ

CATEGORIES:

Myanmar article

Tags:

No responses yet

Leave a Reply

Your email address will not be published. Required fields are marked *

Latest Comments

No comments to show.