တစ်ရက်တစ်ရက် ခပ်ကြဲကြဲကြားလာတဲ့ သတင်းတွေမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေတယ်ဆိုတဲ့ သတင်းတွေမကြာမကြာကြားလာရပါတယ်။ လူတွေဟာ ကိုယ်ခံစားရတဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်နာကျင်မှူတွေကို ကိုယ်တိုင်ဖြေရှင်းဖို့ လုံလောက်တဲ့ စွမ်းရည်မရှိတော့တဲ့ အချိန်မျိုးရောက်တဲ့အခါ သေကြောင်းကြံဖို့ကြိုစားကြပါတယ်တဲ့။အမှန်ပါပဲ။ အခုလောလောဆယ်မြန်မာနိုင်ငံမှာတော့ အဲ့ဒီသေကြောင်းကြံတာတွေ၊ စိတ်ဓာတ်ကျတာတွေရဲ့ အဓိက တရားခံဟာ စစ်တပ်အာဏာသိမ်းခြင်းနဲ့ကိုဗစ်တတိယလှိုင်းကြောင့်ပါပဲ။ စစ်တပ်ဒုက္ခကြောင့်ဖြစ်တဲ့စိတ်ပိုင်းဆိုင်ရာဒုက္ခများ ဖေဖော်ဝါရီ စစ်ကောင်စီရဲ့ အာဏာသိမ်းတဲ့အချိန်ကစလို့ အခုအချိန်အထိ[…]

အပြင်မထွက်တာကြာလာတဲ့အခါ ရန်ကုန်ကို အမြန်နေကောင်းစေချင်တဲ့ စိတ်တွေပိုလာတယ်။ ရန်ကုန်ဟာ ဒဏ်ရာ ဒဏ်ချက်တွေနဲ့ သေကောင်းပေါင်းလဲ ပက်လက်မြောနေပြီ။ ရန်ကုန်ဟာရန်ကုန်ဖြစ်လ်ို့တော်သေးတာပေါ့။ဟုတ်ပါတယ်။မကြာဘူး သိပ်မကြာခင်ပဲ ရန်ကုန်ဟာ ရန်ကုန်အဖြစ်နဲ့ပဲ သူ့လက်ကိုသူတွဲရင်း ခပ်ဖြည်းဖြည်းထလာလိမ့်မယ် ။ ဖိုက်တင်းပါ ရန်ကုန်။ ရန်ကုန်သာ ပြန်နလန်ထူခဲ့ရင် အရင်ဆုံးသွားချင်တာ လှည်းတန်းပဲ။ လှည်းတန်းဟာ ရန်ကုန်ရဲ့နှလုံးသားပဲ ဖြစ်လိမ့်မယ်။[…]